အရိုးရှင်းဆုံး

saturngod
1 min readFeb 3, 2022

မနေ့က Zero Knowledge Proof အကြောင်းရှာရင်း ဒီ video လေးကို တွေ့တယ်။

သဘောပေါက်ပြီး ရိုးရှင်းတယ်။

နည်းပညာဟာ လူတိုင်း နားလည်ဖို့ လိုအပ်တယ်။ လူတိုင်း နားလည်အောင် ရှင်းပြနိုင်ဖို့ လိုတယ်။

နည်းပညာတွေ ဟာ တကယ်တန်း ရှုပ်ထွေးလှတာတွေ မဟုတ်ဘူး။ ဒါပေမယ့် လူတွေက ရှုပ်အောင် လုပ်နေကြတာရယ် မင်းနားလည်သည့် အဆင့်မဟုတ်သေးပါဘူး ကွာ ဆိုတာ နဲ့ ဝေးကွာကုန်တာ။ နောက်တချက်က နားထောင်ချင်စိတ် မရှိတာပေါ့။

နည်းပညာစကားတွေက အမှန်တိုင်းဆိုရင် ရိုးရှင်းပါတယ်။ နည်းပညာ သမားတွေကလည်း ရိုးရှင်းအောင်လည်း အမြဲ တန်း ကြိုးစားနေတယ်။ အခုအချိန်မှာ touch screen ဖုန်း ဘယ်လိုသုံးရမလဲ ဆိုတာ ဘယ်သူ့ကိုမှ သင်ပေးနေဖို့ မလိုတော့ဘူး။

ပြဿနာက နည်းပညာလောကအထဲမှာ အချို့တွေကလည်း standard တွေ မလိုက်နာရင် မကြိုက်ကြတာတွေ များတယ်။ အခုနောက်ပိုင်း flutter မှာ ဆိုရင် GetX , Laravel မှာ ဆိုရင် livewire ဟာ အတော်လေးကို ဝေဖန် ခံ ရတယ်။

တချိန်တုန်းက Javascript ဟာ အတော်လေးကို ဝေဖန်ခံရတယ်။ ဒီလိုပဲ OOP သမားတွေက PHP ကို ဝေဖန်ကြတာပဲ။ ဘယ်လိုပဲ​ပြောနေပြောနေ javascript က တခြား language တွေထက် လူတိုင်း မြန်မြန် တက်လွယ်တယ်။ အခု အချိန်မှာ လူသုံးများသည့် language တစ်ခု ဖြစ်လာပြီး နေရာတိုင်းမှာ သုံးနေကြပြီ။ PHP ဟာလည်း PHP 8 မှာ အတော်လေးကို strong ဖြစ်လာပြီး လူသုံးများနေဆဲပဲ။ Javascript library ထဲမှာလည်း အရိုးရှင်းဆုံး လူနားလည်လွယ်သည့် jquery က နောက်ဆုံး အောင်မြင်ခဲ့ပြီး အခု အချိန်ထိ သုံးနေကြဆဲပဲ။ React JS စပေါ်ကာစက web standard မလိုက်နာလို့ web developer တော်တော်များများ ဝေဖန်ခဲ့ ကြသေးတယ်။​ အခုတော့ ios, android တော်တော်များများမှာ declarative UI တွေ နဲ့ ရေးနေကြပြီ။

အကြောင်းအရာ တစ်ခုတည်း ပေမယ့် မတူညီသည့် ဘာသာစကား level မှာ အမြင်တွေက ညှိနှိုင်းဖို့ခက်တယ်။ ဒါပေမယ့် ရိုးရှင်းလွယ်ကူမှု ကို နည်းစနစ် တကျ ရှုပ်ထွေးစွာ လုပ်ရတာ ထက် ပို သဘောကျတယ်။

တချိန်က java သမားတွေ PHP ဘာလို့ လူကြိုက်များလဲ နားမလည်နိုင်သလို PHP သမားတွေလည်း ဘာလို့ သူတို့ java သုံးနေမှန်း နားမလည်ကြဘူး။​ တကယ်တန်း အကုန်လုံးက tool တွေ ဖြစ်ပေမယ့် ကိုယ်နားလည်မှု ခံယူမှု ပေါ်မှာ မူတည်ပြီး ကွဲထွက်သွားတာပဲ။

ကျွန်တော်လည်း NextJS ကို ဘာလို့ သုံးရသလဲ ဆိုတာကို နားလည်ဖို့ အချိန်ပေးပြီး ကိုယ်တိုင် လေ့လာရေးကြည့်မှ သဘောပေါက်တော့တယ်။ သို့ပေမယ့် အခုအချိန်ထိ tailwind ကို ဘာလို့ သုံးရသလဲ ဆိုတာကို သဘောမပေါက်နိုင်သေးဘူး။

--

--

saturngod

Husband,Father. Love to do Mobile App Developer and running a startup in Yangon, Myanmar. Founder of COMQUAS. Creator of Rabbit Converter.