စာအုပ်ကို အရင်ကလို အချိန်ပေးပြီး မဖတ်နိုင်တော့ဘူး။ တကယ်ကောင်းသည့် စာအုပ်တွေ လောက်ပဲ ရွေးဖတ် နားထောင် ဖြစ်တော့တယ်။ ဒါပေမယ့် Sapiens: A Brief History of Humanki စာအုပ် ကတော့ ပြီးဆုံးအောင် နားထောင် ဖြစ်သည့် စာအုပ် တစ်အုပ်ပဲ။
ဘဝ မှာ နောက်ပိုင်း တွေ့ကြုံမှုတွေ မြင်တွေခဲ့ရတာတွေ နဲ့ ပတ်သက်ပြီး ၁ နှစ် အတွင်း မှာ အမြင်တွေ အများကြီး ပြောင်းလဲ သွားတယ်။ ပတ်ဝန်းကျင် ပြောင်းလဲမှုတွေ ကြောင့် ဘဝ တွေ မှာ ရိုက်ခတ်မှုတွေ ကို နားလည် လာတယ်။ ဗိုက်ဝ နေသည့် အချိန်မှာ ငတ်နေတာကို စာနာပေးနိုင်ပေမယ့် ကိုယ်တိုင် မခံစားရသည့် အတွက် အဲဒီ အချိန်မှာ နားမလည်နိုင်ဘူး။
ဆေပီယန် စာအုပ်ကို ဖတ်ပြီးနောက် တစ်ခု သဘောပေါက်လာတာက ဒီခန္ဓာ ကြီးက ဟော်မှန်းတွေ nervous system တွေ နဲ့ လည်ပတ်နေသည့် သဘောကို ပိုမြင်လာတယ်။ Dopamine လိုမျိုး ဟော်မုန်းထွက်သည့် အခါ လူ က ပျော်ရွင်ခြင်းကို ခံစားရတယ် ဆိုတာကို သဘောပေါက်လာတယ်။ မပျော်ရင် ပျော်အောင် injection လုပ်လို့ ရတယ် ဆိုတာကို သိလာရတော့ အရာရာအားလုံးက ခန္ဓာကိုယ်က တောင်းဆိုတာနေတာ ဒါမှမဟုတ် ဖြည့်ဆည်း ပေးလိုက်တာပျော်မှာ မူတည်ပြီး ဖြစ်နေတာ ဆိုတာ သဘောပေါက်လာတယ်။ ပတ်ဝန်းကျင် အစားအသောက် အနေအထိုင် စ တာတွေ က ကိုယ့်စိတ်ကို ပြောင်းလဲနေသည့် အတွက် တကယ်ခံစားနေရတာတွေ က အစစ် အမှန်တွေ မဟုတ်ဘူး ဆိုတာ ပိုသဘောပေါက်လာတယ်။
Osho ပြောသလို ဘဝ ကို တစ်ခြားတစ်ယောက်ရဲ့ ဘဝ ကို ကြည့်နေသလို တတိယ လူ တစ်ယောက်လို ကိုယ့်ဘာသာ ကိုယ် မြင်ပြီး နေထိုင် ခြင်း ဆိုတာ ဆေပီယန် စာအုပ် ဖတ်ပြီး ဆက်စပ် သဘောပေါက်လာမိတယ်။ ဒီခံစားနေရတာ တကယ်တန်း မရှိဘူး။ nervous system တွေ hormone အပြောင်းအလဲတွေ နဲ့ ဆက်စပ်ပြီး စိတ်ခံစားချက်တွေ ဖြစ်နေတာ။ injection လုပ်လိုက်ရင် စိတ်ကို ဖြစ်ချင်သလို ဖြစ်အောင် လုပ်လို့ ရတယ် ဆိုတာ သဘောပေါက်လာတယ်။ ဖြစ်နေတာကိုပဲကြည့်နေခြင်း ဟာ အကောင်းဆုံး ဘဝ နေထိုင်နည်း တစ်ခု ဆိုတာ သဘောပေါက်လာတယ်။
နောက်တချက် က အနာဂတ် ရှိခြင်း နဲ့ နေထိုင်ခြင်းဟာ ရွှေရောင် အတိတ်ကို မျှော်မှန်း နေထိုင်ခြင်း ထက် ပိုထိ ရောက်တယ်။ အရင်က လူတွေက ရွှေရောင် အတိတ်ကို ပြန်မရောက်နိုင်တော့ဘူး ထင်ပြီး နေထိုင်ခဲ့ပေမယ့် science ဟာ လူသားတွေကို အများကြီး ပြောင်းလဲပေးခဲ့တယ်။
Science ဟာ Einstein မရှိတော့သည့် အခါ မရှိတော့ဘူး နောက် ဒီလိုလူ မပေါ်နိုင်တော့ဘူး ဆိုပြီး ဝမ်းနည်း တမ်းတနေတာ မရှိဘူး။ Einstein ပြောခဲ့တာတွေ မှန်မမှန် စမ်းသပ်တာ မှားနေတာတွေကို ရှာတာတွေ လုပ်နေဆဲ။ Hawking ဆုံးသွားပြီးနောက်ပိုင်းလည်း ဒီလိုပါပဲ။ ဝမ်းနည်းပြီး ဒီလိုလူတွေ မပေါ်နိုင်တော့ဘူး ဆိုပြီး မရှိသလို Hawking ပြောသမျှ အကုန်မှန် တယ်ဆိုပြီး သတ်မှတ်ထားတာလည်း မရှိဘူး။ အမြဲ တိုးတက်ပြောင်းလဲ နေဖို့ မှန်မမှန် စစ်ဆေးနေတာတွေ ရှိနေသလို သူတို့ မရှိတော့ပေမယ့် အမြဲ အသစ် အသစ်တွေ ရှာဖွေတွေ့ရှိနေဆဲ ရှာဖွေ နေဆဲပဲ။
ဘဝကြီးဟာ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ လုပ်စရာ ရှိတာကို လုပ်နေရမှာပဲ။ မလုပ်လို့လည်း မရဘူးလေ။ ဖြစ်ခဲ့သမျှ ကိုလည်း ဝမ်းနည်း ပူဆွေးပြီး အတိတ်ကို တမ်းတ နေစရာလည်း မလိုဘူး ဆိုတာ သဘောပေါက်လာတယ်။ ရွှေရောင်အတိတ်ကို တမ်းတမယ့် အစား လုပ်စရာရှိတာတွေ လုပ်ဖို့ လုပ်သင့်တာတွေ တောက်လျှောက်လုပ်နေဖို့ပဲ လိုတယ်။
21 lessons for the 21st century စာအုပ်ကို နောက်လထဲမှာ စဖတ်ဖြစ်နိုင်အောင်တော့ ကြိုးစားရမယ်။