Covid-19 Day 1 to Day 15

saturngod
3 min readJul 23, 2021

ဒီနေ့ Covid-19 Day 16 ရောက်ပါပြီ။ 8 July 2021 က စဖျားတော့ ပုံမှန် ဖျားတာပဲ လို့ ထင်ခဲ့တာပဲ။ Covid ဖြစ်သည့် သူတောတ်တော်များများက ကိုယ့်ဘာသာကိုယ် ပုံမှန် ဖျားတာလို့ ထင်တာပဲ။ စစ်ကြည့်မှ covid ဖြစ်နေမှန်း သိကြတာ။ Day 6 မရောက်ခင်တော့ ဖျားလိုက် para သောက်လိုက်နဲ့ ဘာမှ မဖြစ်။ ပုံမှန် ဖျားသလိုပဲ။ ဆေးသောက်ရင်း အစာမစား မိလို့ အစာအိမ် ထိ သွားတယ်။

Day 6 မှာ စပြီး ဆိုးတာပဲ။ သူများတွေ လို အနံ့မပျောက်ပေမယ့် အသက်ရှူလိုက်တိုင်း ဆေးလိပ် နံ့ရနေတာပဲ။ အသက် ကို မနည်း ရှူ ရတာ။ အစား မစား နိုင်တော့ဘူး။ သူများတွေလို Ensure လည်း မသောက်နိုင်ဘူး။ အရမ်းချိုနေပြီးတော့ သောက်လိုက်တိုင်း ချောင်းဆိုးနေတာနဲ့ မသောက်ဖြစ်ဘူး။

သား သောက်နေသည့် သူ့ နို့မှုန့် နဲ့ ကတော့ တော်တော် အဆင်ပြေတယ်။ တခွက် သောက်လိုက်ရင် အားတော်တော်ရှိတာ နဲ့ သား​ရဲ့ ပုံမှန် သောက်နေကျ နို့မှုန့် ကို တနေ့ ၃ ကြိမ် လောက် သောက်ဖြစ်တယ်။

Day 1 ကနေ စပြီးတော့ Azithromycin ၄ ရက် သောက်လိုက်တယ်။ ဖျားတာနဲ့ Paracetamol သောက်။ ကိုယ်ပူက ၉၉ နဲ့ ၁၀၀ ဝန်းကျင် ပုံမှန် ပဲ။ paracetamol သောက်လိုက်ရင် ကျသွားပြီး ပြန်ပြန် ပြီး ကိုယ်ပူ လာတာပဲ။ Immuneti , Vitamin D , Vitamin C ပုံမှန် သောက်တယ်။

Day 1 ကနေ စပြီး ညဘက် အိပ် မပျော်တော့ဘူး။ နိုးလိုက် အိပ်လိုက်ပဲ။ အစားမစားပဲ ဆေးသောက်တာ များသွားလို့ Day 3 မှာ အစာအိမ် နာ တယ်။ နောက်ပိုင်း အစားစားပြီး Omez နဲ့ တွဲသောက်တော့ အစာအိမ် မနာတော့ဘူး။

Day 6 မှာ ရုတ်တရက် မလှုပ်နိုင်တော့ဘူး။ DX racer G Series ဝယ်ထားတာ covid နဲ့ မှ တော်တော် တန် သွားတယ်။ လှဲပြီးလည်း အိပ်မရဘူး။ Day 6 ကနေ Day 8 ထိ က တောက်လျှောက် DX racer G series ပေါ်မှာ လှဲပြီး အိပ်နေတာပဲ။ ထိုင်ခံကို လိုသလို ညှိပြီး နေလို့ ရတော့ အသက်ရှူရတာ အဆင်ပြေတယ်။

Day 6 ကနေ စပြီး Dexa (Dexamethasone) ကို ပုံမှန် သောက်ဖြစ်တယ်။ Dexa 0.5 mg ကို တနေ့ ၃ ကြိမ် သောက်တယ်။ Day 8 မှာ မသက်သာသေးလို့ Dexa 1mg ကို တနေ့ ၃ ကြိမ် ပြောင်းသောက်တယ်။ Day 10 မှာ သက်သာသွားလို့ Dexa 1 mg ကို တနေ့ ၂ ကြိမ်။ Day 11 မှာ Dex 0.5mg ကို တနေ့ ၂ ကြိမ်။ Day 12, Day 13 မှာ Dexa 0.5mg ကို ၁ ကြိမ် သောက်ပြီး ရပ်လိုက်တယ်။

Day 6 မှာ ချောင်း စ ဆိုးတာ Day 15 မှာ အလိုလို ပျောက်သွားတယ်။ ညဘက် တွေ အိမ်မရအောင် ချောင်းတွေ ဆိုးတာပဲ။​ အဆိုးဆုံးက အသက်ရှူရတာ။ ဆေးလိပ် နံ့တွေပဲ အလိုလို ရနေပြီး အသက်ရှူရတာ ဆေးလိပ် ငွေ့ရှူနေရသလိုပဲ။ ရေ အစ ခါးနေပြီး အစားကို မနည်းစားရတယ်။ Day 10 မှာတော့ အစားကို ပုံမှန် စားနိုင်တယ်။

Day 7 မှာ ကြက်ဥ တစ်လုံးကိုတောင် မနည်း ကုန်အောင် စားရတယ်။ ထူးဆန်းတာက သွားဖာ ထားတာတွေ အကုန် ကျွတ်ထွက်ကုန်တာပဲ။ တခြားလူတွေ တော့ မဖြစ်ပေမယ့် Day 7 မှာ အရင် နှစ်က သွားဖာ ထားတာ အကုန်ထွက်ကုန်ပြီး အပေါက်တွေ ဖြစ်ကုန်တာ။ သွားနာနေလို့ အစားကို မနည်းစားရတယ်။

O2 က Day 8 မှာ ကျတယ်။ နည်းနည်းလှုပ်တာနဲ့ 92 ထိ ကျတယ်။ မလှုပ်ပဲ နေနေရတယ်။ လှုပ် တာနဲ့ မောတယ်။

Day 9 ကတော့ နည်းနည်း လေး ပြန် လှုပ်နိုင်လာတယ်။ မစားချင်လည်း အတင်းစားပဲ။ Day 9 မှာတော့ တော်တော်လည်း ပြန်စားလာနိုင်တယ်။ ခါးတွေ နာတာ ကတော့ တော်တော်ဆိုးတယ်။ ရောဂါ က တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ ကိုယ့် ရောဂါ အဟောင်းပေါ်မှာ မူတည်ပြီး virus က တိုက်ပုံ ရတယ်။ တစ်ယောက် နဲ့ တစ်ယောက် ခုခံ အားပေါ်မှာ မူတည်ပြီး ခံရတာ ကွာလိမ့်မယ်။

Day 10 မှာတော့ ထူထူထောင်ထောင် ဖြစ်ပြီး ချောင်းဆိုးတာပဲ ကျန်တယ်။ ကျန်တာ အကုန် ကောင်းသွားတယ်။

Day 11 မှာ လက်တွေ ကိုက်တယ်။ အဆစ်တွေ ကိုက်တယ်။

Day 12 မှာလည်း joint တွေ ကိုက်တာ မသက်သာဘူး။ ချောင်းကတော့ ဆိုးနေဆဲပဲ။

Day 15 ရောက်တော့ ချောင်းဆိုးတာ ရပ်သွားတယ်။ joint တွေ ကိုက်တာလည်း သက်သာသွားတယ်။ ဘာ ဆေးမှ မလိုဘူး။

Covid ကာလ မှ သောက်ခဲ့သည့် ဆေးတွေက

  1. Azithromycin ကို ပထမ ၄ ရက် သောက်တယ်။
  2. နေ့စဥ် immuneti , Vitamin D3 125 mcg 5,000 IU , Multi Vitamin ၁ လုံးစီ သောက်တယ်။
  3. Vitamin C ရေဆူ ဆေးပြာ (Effervescent tablet) ၁ ခွက် နေ့တိုင်း သောက်တယ်
  4. Day 6 ကနေ Day 13 ထိ dexa သောက်တယ်။

Day 15 မှာတော့ ထူထူထောင်ထောင် ဖြစ်သွားပြီး အလုပ်ပြန်လုပ်နိုင်ပါပြီ။

Covid ဖြစ်ရင် ကြောက်စရာ မလိုပါဘူး။​အားရှိအောင် စားဖို့ နဲ့ ဆေးတွေ ပုံမှန် သောက်ပြီး Day 15 လောက် ရရင် အလိုလို သက်သာသွားပါလိမ့်မယ်။ အဲဒီ ကြားမှာ ခံနိုင်ရည် ရှိအောင် အားရှိအောင် လုပ်ပြီး ဖြတ်ကျော်ဖို့ပဲ လိုပါတယ်။ Day 10 ကျော်သွားရင် ပြီးသွားပါပြီ။

Covid ကာလမှာ အထူးကျေးဇူးတင်တာကတော့ AYCT Condo မိသားစုတွေပါပဲ။ Day 5 ကနေ စပြီး မနက်စာ ညနေစာ ပုံမှန် ပို့ပေးနေလို့ အစားအသောက် ချက်စားစရာမလိုပဲ နေ့စဥ် လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်ခဲ့တာပါ။ AYCT Condo ကို ပြောင်းလာခဲ့တာ မှန် သွားတယ် လို့ ဆိုရမယ်။ ဝင်းထဲကလူတွေက တော်တော်လေးကို ကူညီ ကြလို့ မလှုပ်နိုင်သည့် အချိန်တွေမှာ ပို့ပေးထားသည့် ကြက်သားစွတ်ပြုတ်​ ၊ ဆန်ပြုတ်တွေ ကတော့ အားရှိစေပြီး ဟင်းမချက်ရသည့် အတွက် သိပ်ပြီး လှုပ်လှုပ်ရှားရှာ လုပ်စရာမလိုတော့ဘူး။

Day 14 ပြီးရင်တော့ အပြင်လူကို မကူးတော့ဘူး။ ဒါပေမယ့် Day 21 ပြီးသွားရင် covid ပြန်စစ်ပြီးမှပဲ အပြင်ပြန်ထွက်မယ် စိတ်ကူးထားတယ်။

--

--

saturngod

Husband,Father. Love to do Mobile App Developer and running a startup in Yangon, Myanmar. Founder of COMQUAS. Creator of Rabbit Converter.