ကော်ဖီဖြတ်ခြင်း

ကော်ဖီသောက်လာတာ နှစ်ပေါင်းမနည်းတော့ဘူး။ ဒါပေမယ့် မသောက်တော့ဘူး ဆုံးဖြတ်လိုက်ပြီး မသောက်ပဲ နေကြည့်လိုက်တယ်။ ကော်ဖီသောက်ခြင်း ကောင်းခြင်း ဆိုးခြင်းတွေကတော့ စာတွေ လိုက်ဖတ်ရင် သိနိုင်ပေမယ့် မသောက်ပဲ နေမယ် ဆိုပြီး ဒီအတိုင်း ဖြတ်ကြည့်လိုက်တယ်။ ပထမ နေ့ သောကြာနေ့မှ စဖြတ်တယ်။ ဘာမှ မဖြစ်ဘူး။ အေးအေးဆေးပဲ။ ပုံမှန် ထက်ဘာမှ ပိုပြီး ထူးမခြားနားသွားဘူး။ ကော်ဖီ သောက်ချင်ရင် ရေသောက်လိုက်တယ်။ ဒုတိယနေ့ ခံရခက်တယ်။ သောက်ဖို့ ကြိုးစားချင်စိတ်တွေ စိတ်လျော့ချင်စိတ်တွေ ဖြစ်တယ်။ ညနေ ဘက်ရောက်တော့ လက်တွေတုန်နေတယ်။ ခံရခက်တယ်။ သောက်ချင်စိတ်က ဖြစ်လာတိုင်း မေ့ပြီးနေ ပေမယ့် ခန္ဓာကိုယ်ကတော့ မရဘူး။ လက်တွေ တုန်တာကတော့ ဆိုးတယ်။…

ကော်ဖီဖြတ်ခြင်း
ကော်ဖီဖြတ်ခြင်း

နှိုင်းယှဉ်ခြင်း

ဘဝ တစ်ခုမှာ ကိုယ်ဟာ ဘယ်နေရာရောက်နေတယ် ဆိုးနေသလား ကောင်းနေသည့် ဘဝ ရောက်နေသလား စသည့် ဆုံးဖြတ်ချက်တွကေ နှိုင်းယှဉ်မှု ရှိမှ သာ ဖြစ်ပေါ်လာတာ။​ သူကတော့ ဘာတွေ ဖြစ်နေပြီ။​ ငါကတော့ မဖြစ်သေးဘူး။ ငါကတော့ ဒါတွေ ပိုင်ဆိုင်နေပြီ။ ငါ့သူယ်ချင်းမှာ မရှိတာ ရှိနေပြီ။ စသည့် အချက်တွေအားလုံးဟာ နှိုင်းယှဉ်မှု တစ်ခု ရှိမှသာ ဖြစ်ပေါ်လာတာပဲ ။ လူတစ်ယောက်ဟာ လူကောင်းလား လူဆိုးလား ဆိုပြီး ဆုံးဖြတ်ချက်တွေကလည်း ကိုယ့်စံ ဆုံးဖြတ်ချက် တစ်ခု ကနေ လာတာပဲ။ ဒါကြောင့် လူတော်တော်များများက ကိုယ့်ဘာသာကိုယ် သူတော်ကောင်းကြီးလို့ ထင်မှတ်ကြတာပဲ။ နှိုင်းယှဉ်ဖို့ စံ တစ်ခု…

နှိုင်းယှဉ်ခြင်း
နှိုင်းယှဉ်ခြင်း

သေခြင်း

သေဆုံးခြင်းကို ဘာသာတိုင်းမှာ အဓိပ္ပာယ် မျိုးစုံ နဲ့ တည်ရှိကြတယ်။ ကိုယ်တိုင်က ဘာသာတရား အပေါ်ယုံကြည်မှု မရှိ သလို သေပြီးနောက် ဘာဖြစ်မလဲ ဆိုတာကိုလည်း စိတ်မဝင်စားမိဘူး။ သေသွားခဲ့ရင် အခုဘဝ ကိစ္စတွေ ပြီးဆုံးသွားပြီလို့ပဲ တွေးထားခဲ့တယ်။ ဒီတလော အမျိုးတွေ တစ်ယောက်ပြီး တစ်ယောက် ဆုံးသွားကြတယ်။ အများအားဖြင့်ကတော့ မကြာခင်သွားရတော့မှာ သိလို့ ဘယ်တော့လဲ ဆိုတာ စောင့်နေရတာပဲ ရှိတယ်။ စိတ်ထဲလည်း သိပ်ခံစားမှု မရှိဘူး။ ရင်းနှီးမှု သိပ်မရှိသည့် အတွက် ခံစားမှု မရှိတာ မှန်လိမ့်မယ်။ လုပ်နိုင်တာတွေလည်း လုပ်ပေးခဲ့လည်း ခံစားမှု မရှိတာလည်း ဖြစ်နိုင်တယ်။…

သေခြင်း
သေခြင်း
saturngod

Husband,Father. Love to do Mobile App Developer and running a startup in Yangon, Myanmar. Founder of COMQUAS. Creator of Rabbit Converter.