Feb 7ပြဿနာသူငယ်ချင်းတွေ နဲ့ day trip သွားရင်း နဲ့ Uno ကစားဖြစ်တယ်။ မကစားတာ ကြာပြီ ဆိုတော့ အဲဒီ အခါမှ rule တွေ ပြန်ကြည့် ပြီးတော့ ဆော့ဖြစ်တာပဲ။ ဆော့နေရင်း သတိထားမိတာက ကံ ကြောင့် နိုင်တာ မဟုတ်ဘူး ဆိုတာပဲ။ ကိုယ်ဆုံးဖြတ် ချက် နှင့် အခြား ကစားပွဲမှာ ပါသည့် လူတွေ အကုန်လုံး ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပြီးတော့ အနိုင် အရှုံးတွေ ဖြစ်တာပဲ။ တစ်ခါတစ်လေ ကိုယ့်ဘာသာကိုယ် ကံကောင်းတယ် ကံ ဆိုးတယ် ဆိုတာက ကိုယ်တစ်ယောက်တည်းစာ ကွက်ကြည့်လို့ အဲလို ထင်ရတာပဲ။ တကယ်တန်း…စိတ်အချဥ်ပေါက်မှုများ2 min readစိတ်အချဥ်ပေါက်မှုများ2 min read
Dec 12, 2022နှိုင်းယှဉ်ခြင်းဘဝ တစ်ခုမှာ ကိုယ်ဟာ ဘယ်နေရာရောက်နေတယ် ဆိုးနေသလား ကောင်းနေသည့် ဘဝ ရောက်နေသလား စသည့် ဆုံးဖြတ်ချက်တွကေ နှိုင်းယှဉ်မှု ရှိမှ သာ ဖြစ်ပေါ်လာတာ။ သူကတော့ ဘာတွေ ဖြစ်နေပြီ။ ငါကတော့ မဖြစ်သေးဘူး။ ငါကတော့ ဒါတွေ ပိုင်ဆိုင်နေပြီ။ ငါ့သူယ်ချင်းမှာ မရှိတာ ရှိနေပြီ။ စသည့် အချက်တွေအားလုံးဟာ နှိုင်းယှဉ်မှု တစ်ခု ရှိမှသာ ဖြစ်ပေါ်လာတာပဲ ။ လူတစ်ယောက်ဟာ လူကောင်းလား လူဆိုးလား ဆိုပြီး ဆုံးဖြတ်ချက်တွေကလည်း ကိုယ့်စံ ဆုံးဖြတ်ချက် တစ်ခု ကနေ လာတာပဲ။ ဒါကြောင့် လူတော်တော်များများက ကိုယ့်ဘာသာကိုယ် သူတော်ကောင်းကြီးလို့ ထင်မှတ်ကြတာပဲ။ နှိုင်းယှဉ်ဖို့ စံ တစ်ခု…1 min read1 min read
Oct 29, 2022မြန်ဆန်သည့် နည်းပညာ ပြောင်းလဲမှုများမှတ်မှတ်ရရ ROR က စတာပဲ ထင်တယ်။ ရန်ကုန်မှာ ROR 2 ကို လေ့လာနေတုန်း ROR 3 က ထွက်လာကော။ ROR 2 နဲ့ လုပ်ထားတာတွေ သုံးမရတာ နဲ့ ROR ကို မသုံးဖြစ်တော့တာ အခု အချိန်ထိပဲ။ ဒါနဲ့ ပိုပြီး stable ဖြစ်ပြီး ပြောင်းလဲမှု မမြန်သည့် PHP ကို လေ့လာဖြစ်သွားတယ်။ တချိန်ကတော့ ပြောင်းလဲမှုတွေ မြန်ဆန်တာ အန္တရာယ် အရမ်းများတယ်။ Risk ကြီးတယ် လို့ သတ်မှတ်ထားခဲ့ကြတာ။ အခု အချိန်မှာတော့ တကယ့်ကို ရယ်စရာ ဖြစ်နေတာပဲ။ မြန်ဆန်သည့် ပြောင်းလဲမှုTech3 min readTech3 min read
Jul 16, 2022သေခြင်းသေဆုံးခြင်းကို ဘာသာတိုင်းမှာ အဓိပ္ပာယ် မျိုးစုံ နဲ့ တည်ရှိကြတယ်။ ကိုယ်တိုင်က ဘာသာတရား အပေါ်ယုံကြည်မှု မရှိ သလို သေပြီးနောက် ဘာဖြစ်မလဲ ဆိုတာကိုလည်း စိတ်မဝင်စားမိဘူး။ သေသွားခဲ့ရင် အခုဘဝ ကိစ္စတွေ ပြီးဆုံးသွားပြီလို့ပဲ တွေးထားခဲ့တယ်။ ဒီတလော အမျိုးတွေ တစ်ယောက်ပြီး တစ်ယောက် ဆုံးသွားကြတယ်။ အများအားဖြင့်ကတော့ မကြာခင်သွားရတော့မှာ သိလို့ ဘယ်တော့လဲ ဆိုတာ စောင့်နေရတာပဲ ရှိတယ်။ စိတ်ထဲလည်း သိပ်ခံစားမှု မရှိဘူး။ ရင်းနှီးမှု သိပ်မရှိသည့် အတွက် ခံစားမှု မရှိတာ မှန်လိမ့်မယ်။ လုပ်နိုင်တာတွေလည်း လုပ်ပေးခဲ့လည်း ခံစားမှု မရှိတာလည်း ဖြစ်နိုင်တယ်။…Family2 min readFamily2 min read
Mar 27, 2022ခေါင်းစဥ်မဲ့စာအုပ်ကို အရင်ကလို အချိန်ပေးပြီး မဖတ်နိုင်တော့ဘူး။ တကယ်ကောင်းသည့် စာအုပ်တွေ လောက်ပဲ ရွေးဖတ် နားထောင် ဖြစ်တော့တယ်။ ဒါပေမယ့် Sapiens: A Brief History of Humanki စာအုပ် ကတော့ ပြီးဆုံးအောင် နားထောင် ဖြစ်သည့် စာအုပ် တစ်အုပ်ပဲ။ ဘဝ မှာ နောက်ပိုင်း တွေ့ကြုံမှုတွေ မြင်တွေခဲ့ရတာတွေ နဲ့ ပတ်သက်ပြီး ၁ နှစ် အတွင်း မှာ အမြင်တွေ အများကြီး ပြောင်းလဲ သွားတယ်။ ပတ်ဝန်းကျင် ပြောင်းလဲမှုတွေ ကြောင့် ဘဝ တွေ မှာ ရိုက်ခတ်မှုတွေ ကို နားလည် လာတယ်။ ဗိုက်ဝ…2 min read2 min read
Feb 13, 2022Pythagorean Theoremကျောင်းတုန်းကတော့ သင်ခဲ့ရပေမယ့် ဘာအတွက် သုံးတယ် ဘယ်လို အသုံးချရသလဲ ဆိုတာကို မသိခဲ့ဘူး။ Game တွေ စ လုပ်သည့် အခါမှာတော့ ဘယ်လို အသုံးချရလဲ ဆိုတာကို သဘောပေါက်လာတယ်။ နောက်ပိုင်း မြေပုံတွေ လုပ်ဖြစ်သည့် အခါမှာလည်း ထပ်ပြီး အသုံးပြုရတယ်။ နောက်ပိုင်း အိမ်မှာ TV ဝယ်ဖို့ လက်ရှိ နေရာမှာ ဘယ် နှစ်လက်မ TV ဆန့် မလဲ ဆိုတာကို တွက်သည့် နေရာမှာလည်း အသုံးဝင်တယ်။1 min read1 min read
Feb 13, 2022စိတ်ကူးယဥ်တည်ရှိမှုစိတ်ကူးယဥ်တည်ရှိမှု ဆိုသည့် စကားကို အခု တလော သဘောကျ နှစ်သက်မိတယ်။ ကျွန်တော်တို့ လောက မှာ အကောင်အထည်မပြနိုင်ပဲ စိတ်ကူးယဥ် တည်ရှိမှု တွေ အများကြီး တည်ရှိတယ်။ စိတ်ကူးယဥ် မဟုတ်ပဲ တည်ရှိမှု ဆိုတာ ကတော့ အကောင်အထည် အလုံးလိုက် ပြလို့ရတယ်။ ခွေး ကြောင် နွား စသည် ဖြင့် အမည်နာမ တစ်ခုဟာ လက်တွေ့ မှာ တည်ရှိနေတယ်။ နောက်ပိုင်းမှာ စိတ်ကူးယဥ် တည်ရှိမှု တွေ နဲ့ လူတွေက အလုပ်လုပ်လာခဲ့ကြတယ်။ ဥပမာ ဘဏ်ထဲမှာ စုစုပေါင်း ငွေ သိန်း ၁ သန်း ရှိတယ် ဆိုပါဆို့။…ဟိုတွေးဒီတွေး2 min readဟိုတွေးဒီတွေး2 min read
Feb 3, 2022အရိုးရှင်းဆုံးမနေ့က Zero Knowledge Proof အကြောင်းရှာရင်း ဒီ video လေးကို တွေ့တယ်။ သဘောပေါက်ပြီး ရိုးရှင်းတယ်။ နည်းပညာဟာ လူတိုင်း နားလည်ဖို့ လိုအပ်တယ်။ လူတိုင်း နားလည်အောင် ရှင်းပြနိုင်ဖို့ လိုတယ်။ နည်းပညာတွေ ဟာ တကယ်တန်း ရှုပ်ထွေးလှတာတွေ မဟုတ်ဘူး။ ဒါပေမယ့် လူတွေက ရှုပ်အောင် လုပ်နေကြတာရယ် မင်းနားလည်သည့် အဆင့်မဟုတ်သေးပါဘူး ကွာ ဆိုတာ နဲ့ ဝေးကွာကုန်တာ။ နောက်တချက်က နားထောင်ချင်စိတ် မရှိတာပေါ့။ နည်းပညာစကားတွေက အမှန်တိုင်းဆိုရင် ရိုးရှင်းပါတယ်။ နည်းပညာ သမားတွေကလည်း ရိုးရှင်းအောင်လည်း အမြဲ တန်း ကြိုးစားနေတယ်။ အခုအချိန်မှာ touch screen…1 min read1 min read
Jan 30, 2022ဘုံယုံကြည်ချက် နှင့် စိတ်ကူးယဥ်Sapiens A Brief History of Humankind စာအုပ်ကို နားထောင်ရင်းနဲ့ အများကြီးပဲ စဥ်းစားဖြစ်တယ်။ အမြဲတန်း ယုံကြည်ထားတာက တရားမျှတမှုဆိုတာ လူသားတွေ ဖန်တီးထားသည့် ဥပဒေ တစ်ခု ဆိုတာပဲ။ လောကကြီး က အလိုလို ဒဏ်မခတ် သလို သူ့အကုသိုလ်နဲ့ သူလည်း မသွားပြန်ဘူး။ ကျွန်တော်တို့က မကောင်းတာ အနိုင်ကျင့်တယ်လို့ ထင်ပေမယ့် လုပ်သည့် သူက ဘယ်တော့မှ အဲလို မထင်ဘူး။ အဲဒီ အတွက်လည်း အမြဲ လိပ်ပြာလုံနေတာပဲ။ အခု အသက်အရွယ်ထိ ရောက်လာတော့ လူတော်တော်များများကို တွေ့ဖူးတယ်။ ငယ်ငယ်တုန်းက လူကြီးတွေ ပြောသလို သူ့လိပ်ပြာကို သူ့ကို ခြောက်လှန့်လိမ့်မယ်…စိတ်အချဥ်ပေါက်3 min readစိတ်အချဥ်ပေါက်3 min read
Jan 9, 2022Developer Intern (New Book)ရေးနေရင်းနဲ့ ၁ နှစ်ကျော်သွားတယ်။ အစက Developer ဆိုသည့် နာမည် နဲ့ ရေးနေရင်း အရမ်းကျယ်တော့ Developer At Work လို့ ပြောင်းထားတယ်။ ဒါလည်း ထပ်ပြီး ကျယ်တော့ နောက်ဆုံး Developer Intern ဖြစ်သွားတယ်။ ဒီစာအုပ်က ရေးရတာ နည်းနည်း ခက်တယ်။ အရင်က programming စာအုပ် database စာအုပ် ဆိုတာ ခက်ခဲလှတာ မဟုတ်ဘူး။ နောက်ပြီး ကျွန်တော် စာရေးသည့် အခါမှာ မသိုး သွားသည့် စာအုပ်တွေ ကို သာ ရေးချင်တာပါ။ နည်းပညာ စာအုပ်တွေက ခေတ်ကုန်သွားပြီး version ပြောင်းလို့ သုံးမရ ဖြစ်တာ အရမ်းမြန်တယ်။ ၁ နှစ် လောက်ပဲ ခံတယ်။ တစ်ခါတစ်လေ ၆ လ လောက်ပဲ။Book1 min readBook1 min read