saturngod

သေဆုံးခြင်းကို ဘာသာတိုင်းမှာ အဓိပ္ပာယ် မျိုးစုံ နဲ့ တည်ရှိကြတယ်။ ကိုယ်တိုင်က ဘာသာတရား အပေါ်ယုံကြည်မှု မရှိ သလို သေပြီးနောက် ဘာဖြစ်မလဲ ဆိုတာကိုလည်း စိတ်မဝင်စားမိဘူး။ သေသွားခဲ့ရင် အခုဘဝ ကိစ္စတွေ ပြီးဆုံးသွားပြီလို့ပဲ တွေးထားခဲ့တယ်။ ဒီတလော အမျိုးတွေ တစ်ယောက်ပြီး တစ်ယောက် ဆုံးသွားကြတယ်။ အများအားဖြင့်ကတော့ မကြာခင်သွားရတော့မှာ သိလို့ ဘယ်တော့လဲ ဆိုတာ စောင့်နေရတာပဲ ရှိတယ်။ စိတ်ထဲလည်း သိပ်ခံစားမှု မရှိဘူး။ ရင်းနှီးမှု သိပ်မရှိသည့် အတွက် ခံစားမှု မရှိတာ မှန်လိမ့်မယ်။ လုပ်နိုင်တာတွေလည်း လုပ်ပေးခဲ့လည်း ခံစားမှု မရှိတာလည်း ဖြစ်နိုင်တယ်။…

သေခြင်း
သေခြင်း

ကျောင်းတုန်းကတော့ သင်ခဲ့ရပေမယ့် ဘာအတွက် သုံးတယ် ဘယ်လို အသုံးချရသလဲ ဆိုတာကို မသိခဲ့ဘူး။ Game တွေ စ လုပ်သည့် အခါမှာတော့ ဘယ်လို အသုံးချရလဲ ဆိုတာကို သဘောပေါက်လာတယ်။ နောက်ပိုင်း မြေပုံတွေ လုပ်ဖြစ်သည့် အခါမှာလည်း ထပ်ပြီး အသုံးပြုရတယ်။ နောက်ပိုင်း အိမ်မှာ TV ဝယ်ဖို့ လက်ရှိ နေရာမှာ ဘယ် နှစ်လက်မ TV ဆန့် မလဲ ဆိုတာကို တွက်သည့် နေရာမှာလည်း အသုံးဝင်တယ်။

--

--

ဘုံယုံကြည်ချက် နှင့် စိတ်ကူးယဥ်
ဘုံယုံကြည်ချက် နှင့် စိတ်ကူးယဥ်

ရေးနေရင်းနဲ့ ၁ နှစ်ကျော်သွားတယ်။​ အစက Developer ဆိုသည့် နာမည် နဲ့ ရေးနေရင်း အရမ်းကျယ်တော့ Developer At Work လို့ ပြောင်းထားတယ်။​ ဒါလည်း ထပ်ပြီး ကျယ်တော့ နောက်ဆုံး Developer Intern ဖြစ်သွားတယ်။

ဒီစာအုပ်က ရေးရတာ နည်းနည်း ခက်တယ်။ အရင်က programming စာအုပ် database စာအုပ် ဆိုတာ ခက်ခဲလှတာ မဟုတ်ဘူး။ နောက်ပြီး ကျွန်တော် စာရေးသည့် အခါမှာ မသိုး သွားသည့် စာအုပ်တွေ ကို သာ ရေးချင်တာပါ။ နည်းပညာ စာအုပ်တွေက​ ခေတ်ကုန်သွားပြီး version ပြောင်းလို့ သုံးမရ ဖြစ်တာ အရမ်းမြန်တယ်။ ၁ နှစ် လောက်ပဲ​ ခံတယ်။ တစ်ခါတစ်လေ ၆ လ လောက်ပဲ။​

ဒါကြောင့် ဒီစာအုပ်ကို အလုပ်ထဲ မဝင်ခင်မှာ အခြေခံ သိသင့် သိထိုက်တာ တွေကိုတော့ ရေးထားတယ်။ ကိုယ့်အတွေ့အကြုံ ကို အခြေခံလို့ အခြားသူတွေ နဲ့ အယူ အဆ မတူတာတွေ ပါကောင်းပါလိမ့်မယ်။ ဒါပေမယ့် လုပ်ငန်းခွင် စဝင် မယ့်သူတွေ ကိုတော့ အထောက် အပံ ဖြစ်မယ် ထင်ပါတယ်။

စာအုပ် ထုတ်ပြီး ရောင်းရင် ebook version ထက် ပိုရောင်းရပေမယ့် အခု အချိန်မှာ ပိုက်ဆံ ထက် ကျောင်းမပြီးသေးသည့်သူတွေ လုပ်ငန်းခွင် ဝင် ဖို့ အလုပ်ရှာနေသည့် သူတွေ အတွက် အကူအညီ ဖြစ်ချင်လို့ online မှာ အခမဲ့ ပေးထားပါတယ်။

ebook version ကိုလည်း စျေးသက်သက်သာသာနဲ့ ရောင်းပေးဖို့ စီစဥ်ထားပါတယ်။ အခု epub, pdf, kfx တွေ လုပ်ပြီး စစ်ရအုံးမှာ ဖြစ်လို့ ebook version ကို နောက်အပတ်လောက်မှ ပဲ​ထွက်နိုင်ပါလိမ့်မယ်။

စာအုပ်ကို

မှာ ဖတ်ကြည့်နိုင်ပါတယ်။

--

--

ဒီနှစ်ထဲမှာ ဖတ်ဖြစ်သည့် စာအုပ်ထဲက စာအုပ်ကောင်းတစ်ခုပဲ။​ တချို့အချက်တွေက ကျွန်တော်နဲ့ မတူသည့် အယူအဆ တွေ ထဲကမှ​ အချို့အချက်တွေက အတွေးအခေါ်တွေ ပွင့်သွားသလို ခံစားရအောင် ရေးသားထားတယ်။ အကြိုက်ဆုံးက “နေမင်းရဲ့ ရှေ့မှာရှိတဲ့ အမှောင်ကို ဘယ်လိုလုပ်ခေါ်ပေးနိုင်ပါ့မလဲ။ တကယ်တော့ အမှောင်ဆိုတာက ရပ်တည်ချက် (existence) တစ်ခု မဟုတ်ပါဘူး။ နောက်ပြီး အမှောင်ဆိုတာ မရှိတရား (positive) အခြေအနေတစ်ခုလည်း မဟုတ်ပါဘူး။” ဒီစာကြောင်းလေးက ကျွန်တော့်ဘက်ကနေ အခြားသူ ကို မြင်ခဲ့သည့် အမြင်ကို လုံးဝ ပြောင်းလဲ ပေးလိုက်တယ်။ တချို့လူတွေက ရှင်းပြလို့ မရဘူး။ ရှင်းပြရင်လည်း ဘာလို့ နားမဝင်တာ ကို သိသွားတယ်။​ အဲဒီလိုမျိုး…

အိုရှိုး၏ သေဆုံးခြင်းအနုပညာ
အိုရှိုး၏ သေဆုံးခြင်းအနုပညာ

ကြုံခဲ့ဖူးသည့် ဘဝတွေထဲမှာ အဆိုးဆုံးနှစ် လို့ ဆိုလို့ရမယ်။ ဒီနှစ် မတိုင်ခင် အဆိုးဆုံး အချိန်လို့ ထင်ခဲ့တာက စလုံးမှာ လင်မယားနှစ်ယောက် အိမ်ထောင်ကျခါစ မှာ ရုံးကန်ခဲ့ရသည့် နှစ်ပဲ။ အနှစ်နှစ်ကာလ တည်ထောင်ထားသည့် company တစ်ခုမှာ ဝန်ထမ်းတွေ အကုန်လုံးနီးပါး လျော့ချခဲ့ရသည့် အတွက် စိတ်မကောင်းဖြစ်ရတာ အခု ထက်ထိပဲ။ ဒီနှစ်ဟာ ဘဝကို အများကြီးသင်ပေးခဲ့တယ်။ တစ်ခါမှ နားထောင်ပြီး လက်ခံပေးဖို့ မကြိုးစားခဲ့မိသည့် တိုင်းရင်းသားဘဝ တွေကို စာနာခဲ့ရတယ်။​ နားလည်ခဲ့ရတယ်။ အိမ်နားမှာ ညတိုင်း သေနတ်သံတွေ ဗုန်းပေါက်သံတွေ ကြားခဲ့သည့် အချိန် တိုင်းရင်းသားတွေ ဆီမှာ ဒီထက်ဆိုးမှာပဲ ကလေးတွေ ဘဝ ဒီထက်…

နှစ်ထောင့်နှစ်ဆယ့်တစ်
နှစ်ထောင့်နှစ်ဆယ့်တစ်
saturngod

saturngod

Husband,Father. Love to do Mobile App Developer and running a startup in Yangon, Myanmar. Founder of COMQUAS. Creator of Rabbit Converter.