ကျောင်းတုန်းကတော့ သင်ခဲ့ရပေမယ့် ဘာအတွက် သုံးတယ် ဘယ်လို အသုံးချရသလဲ ဆိုတာကို မသိခဲ့ဘူး။ Game တွေ စ လုပ်သည့် အခါမှာတော့ ဘယ်လို အသုံးချရလဲ ဆိုတာကို သဘောပေါက်လာတယ်။ နောက်ပိုင်း မြေပုံတွေ လုပ်ဖြစ်သည့် အခါမှာလည်း ထပ်ပြီး အသုံးပြုရတယ်။ နောက်ပိုင်း အိမ်မှာ TV ဝယ်ဖို့ လက်ရှိ နေရာမှာ ဘယ် နှစ်လက်မ TV ဆန့် မလဲ ဆိုတာကို တွက်သည့် နေရာမှာလည်း အသုံးဝင်တယ်။
ရေးနေရင်းနဲ့ ၁ နှစ်ကျော်သွားတယ်။ အစက Developer ဆိုသည့် နာမည် နဲ့ ရေးနေရင်း အရမ်းကျယ်တော့ Developer At Work လို့ ပြောင်းထားတယ်။ ဒါလည်း ထပ်ပြီး ကျယ်တော့ နောက်ဆုံး Developer Intern ဖြစ်သွားတယ်။
ဒီစာအုပ်က ရေးရတာ နည်းနည်း ခက်တယ်။ အရင်က programming စာအုပ် database စာအုပ် ဆိုတာ ခက်ခဲလှတာ မဟုတ်ဘူး။ နောက်ပြီး ကျွန်တော် စာရေးသည့် အခါမှာ မသိုး သွားသည့် စာအုပ်တွေ ကို သာ ရေးချင်တာပါ။ နည်းပညာ စာအုပ်တွေက ခေတ်ကုန်သွားပြီး version ပြောင်းလို့ သုံးမရ ဖြစ်တာ အရမ်းမြန်တယ်။ ၁ နှစ် လောက်ပဲ ခံတယ်။ တစ်ခါတစ်လေ ၆ လ လောက်ပဲ။
ဒါကြောင့် ဒီစာအုပ်ကို အလုပ်ထဲ မဝင်ခင်မှာ အခြေခံ သိသင့် သိထိုက်တာ တွေကိုတော့ ရေးထားတယ်။ ကိုယ့်အတွေ့အကြုံ ကို အခြေခံလို့ အခြားသူတွေ နဲ့ အယူ အဆ မတူတာတွေ ပါကောင်းပါလိမ့်မယ်။ ဒါပေမယ့် လုပ်ငန်းခွင် စဝင် မယ့်သူတွေ ကိုတော့ အထောက် အပံ ဖြစ်မယ် ထင်ပါတယ်။
စာအုပ် ထုတ်ပြီး ရောင်းရင် ebook version ထက် ပိုရောင်းရပေမယ့် အခု အချိန်မှာ ပိုက်ဆံ ထက် ကျောင်းမပြီးသေးသည့်သူတွေ လုပ်ငန်းခွင် ဝင် ဖို့ အလုပ်ရှာနေသည့် သူတွေ အတွက် အကူအညီ ဖြစ်ချင်လို့ online မှာ အခမဲ့ ပေးထားပါတယ်။
ebook version ကိုလည်း စျေးသက်သက်သာသာနဲ့ ရောင်းပေးဖို့ စီစဥ်ထားပါတယ်။ အခု epub, pdf, kfx တွေ လုပ်ပြီး စစ်ရအုံးမှာ ဖြစ်လို့ ebook version ကို နောက်အပတ်လောက်မှ ပဲထွက်နိုင်ပါလိမ့်မယ်။
စာအုပ်ကို
မှာ ဖတ်ကြည့်နိုင်ပါတယ်။